Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးများ မြင့်တက်လျှက်ရှိ

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးများ မြင့်တက်လျှက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ တစ်ပတ်အတွင်းကာလတူ (၃.၈.၂၀၂၂) ရက်နေ့နှင့်နှိုင်းယှဉ်ပါက (၅.၈.၂၀၂၂)ရက်နေ့တွင် ဒေါ်လာရည်ညွှန်းစျေး ပြောင်းလဲသတ်မှတ်မှုနှင့်အတူ အရည်အသွေးနှင့် ဝယ်လို အားကြောင့် နှမ်းမျိုးစုံစျေးများ မြင့်တက်လျှက်ကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ(သစ်) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင် တစ်ပတ်တွင်(၂၂၇၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၅၁၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၄၀ဝဝ)ကျပ်၊ နှမ်းဂွနက်(ရိုးရိုး)(၄၅)ပိဿာ (၁)အိတ်လျှင် ယခင်တစ်ပတ်တွင်(၁၉၀၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၀၂၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၁၂၀ဝဝ)ကျပ်၊ နှမ်းဖြူ (မကွေး)သစ် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၁၀၀ဝဝ)ကျပ်စျေး၊ ယနေ့(၂၃၃၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၂၃၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၁၉၈၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ် (၂၁၂၀ဝဝ)ကျပ်စျေးဖြစ် သည့်အတွက် (၁၄၀ဝဝ)ကျပ်၊ နှမ်းညိုကြား (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ် တွင်(၁၈၉၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ် (၂၀၅၀ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၁၆၀ဝဝ)ကျပ်၊ နှမ်းဖြူ(ဂျပန်)(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၁၇၀ဝဝ) ကျပ်စျေး၊ ယနေ့(၂၃၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၁၀ဝဝ)ကျပ်တို့ အသီးသီးမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျှက်ကြောင်း သိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News